ဆေးစားမှားကကုမရတဲ့…(ကိုကျော်ထင်မှတ်စု)
各位讀者大家好,近期因應緬文讀者的要求,於不定時間內,提筆撰寫以<文以載道>為名的各種緬文文章。倘若自己電腦內沒有緬文字型,將會顯示方格,應屬正常。若有不便之處,敬請見諒為荷 !
ယနေ့ဖေါ်ပြမဲ့အကြောင်းအရာတခုကတော့ တိုင်းရင်းဆေးမြစ်၊ဆေးရွက် ပိုင်းဆိုင်ရာ အကြောင်းအရာ တခုဖြစ်ပါတယ်။ တရုတ်ဘာသာမှ မြန်မာဘာသာသို့ပြန် ဆိုခဲ့မှာဖြစ်သည့်အတွက် အဆင်မပြေနားမလည်တာများ ရှိရင် ခွင့်⋯⋯လွတ်ပေးပါခင်ဗျား။
အခုအခါမြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားနေတဲ့ တိုင်းရင်းဆေးကတော့ ဣဿရမူလီဆေး (Aristolochia debilis)ပါပဲ။ ဤအကြောင်းအရာနဲ့ ပတ်သက်လို့ ထိုင်ဝမ်နိုင်ငံ ဒီနှစ်သြဂုတ်သတင်းအစဉ်အစီမှာ ဣဿရမူလီဆေးကို တနိုင်ငံလုံးအသုံးမပြုရလို့ ကျန်းမာရေးဝန်ကြီးဌာနမတဆင့် အသိအလင်းကြေငြာလိုက်ပါတယ်။
ကမ္ဘာပေါ်မှာကျောက်ကပ်ပိုင်းဆိုင်ရာဝေဒနာနှင့် ကျောက်ကပ်ဆေးခြင်း ရာခိုင်နှုန်းမှာ ထိုင်ဝမ်က ထိပ်တန်း ဖြစ်နေခဲ့တာ နှစ်အတော်တန်ကြာခဲ့ပါပြီ။ အကြောင်းအရင်းရှာကြံမရသော်လည်း တိုင်းရင်းဆေး နဲ့ပတ်သက်၍ မသင်္ကာစရာဆေးမြစ်၊ ဆေးရွက်တွေကိုတွှေ့ ရှိခဲ့ ရပေမဲ့သက်သေစစ်ဆေးမှုအရမရှိသေးသဖြင့် အသိအလင်း ထုတ်ဖေါ်ဖို့ရန်ခက်ခဲခဲ့ရပါတယ်။ ဒီလိုနဲ့နှစ်စဉ်နှစ်စဉ် ကျောက်ကပ်ကင်ဆာ ဝေဒနာရှင်များ တိုးပွားနေဆဲဖြစ်ပါတယ်။
ဣဿရမူလီဆေးသည်ကျောက်ကပ်၏ သွေးမျှင်ကြော များကိုဖေါက်ခွဲစေပြီး ကျောက်ကပ်ရောဂါဝေဒနာရှင်အဖြစ် ရှေ့တန်းအနေနဲ့ ဆောင်ရွက်ပေးနေခဲ့ပါတယ်။ ထို့အပြင် ကင်ဆာရောဂါဖြစ်ပွားဖို့ရန်လည်း ရှေ့ဆောင်အနေနဲ့ ဆောင်ရွက်နေတဲ့ သဘာဝဆေးရွက်တခုလည်းဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ ကြွက်တကောင်၏ သက်တန်းမှာ၂နှစ်လောက်ဖြစ်ပြီး ဤဆေးဝါးကိုသုံးဆောင်သော ကြွက်ဖြူကလေးမှာတော့ ၉လနဲ့တင်ကင်ဆာ ရောဂါရရှိ တယ်လို့ သိရှိခဲ့ရပါတယ်။
ကဲ…မြန်မာပြည်မှ မိတ်ဆွေအပေါင်းတို့ခင်ဗျား ဆေးမှားစားလို့ကုမရ မှာစိုးရိမ်ကရုဏနဲ့ အဆိုပါအကြောင်းအရာကို ဘာသာပြန်၍ သတိပေးလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာကြပါစေ။ (2013.10.04)

是否為此文加上分類標籤 ^^
回覆刪除正是,師父果有他心通啊,我試了許久,最後以放棄為結局。有空請您再教一次囉。
刪除為什麼我沒法閱讀這篇文章, 只顯示亂碼 :(
回覆刪除